iOS 6.1.3 ကို sn0wbreeze နှင့် JB လုပ်နည်းကို တင်ပြခဲ့ပြီးပါပြီ၊ ယခုတစ်ဖန် iOS 6.1.3 ကိုပဲ redsn0w နှင့် ထောင်ဖောက်နိုင်ရန် ထပ်မံ တင်ပြလိုက်ပါတယ်။ iOS 6.1.2 ကို အသုံးပြုနေသူများ iOS 6.1.3 သို့  Update မလုပ်မိစေရန် အထူးသတိထားဖို့  လိုအပ်ပါတယ်။
ယခုတင်ပြပေးမည့် နည်းလမ်းသည်လည်း iDevice များအားလုံးအတွက် မဟုတ်ပဲ iOS 6.1.3 ကိုတင်ထားသော pre-A5 device များ အတွက်သာဖြစ်ပြီး Tethered JB နည်းလမ်းနှင့်သာ ထောင်ဖောက်နိုင်ပါမည်။
**Jailbreak လုပ်နိုင်မည့် iDevice များ**
ယခုတင်ပြမည့် နည်းလမ်းသည် Tethered Jailbreak နည်းလမ်းဖြစ်သည့် အတွက် Jailbreak ဖြစ်သွားပြီးနောက် iDevice ကို Reboot တိုင်း PC မှတစ်ဆင့် Redsn0w နှင့် ချိပ်ဆက်ပြီးမှသာလျှင် ပြန်လည် နိုးထနိုင်ပါလိမ့်မည်။ လုပ်ငန်းစဉ်
လိုအပ်သော Redsnow 0.9.15b3 နှင့် သက်ဆိုင်ရာ iDevice ၏ iOS 6.0 ကို ဦးစွာ Download ရယူထားပါ။
အဆင့် ၁)
Redsn0w ကို Run ပါ။
အဆင့် ၂)
"Extras" button ကို နှိပ်ပြီး "Select IPSW" ကိုရွေးပါ။
အဆင့် ၃)
အပေါ်တွင် Download ရယူခဲ့သော မိမိ Device နှင့် သက်ဆိုင်သည့် iOS 6.0 ကို ရွေးပေးလိုက်ပါ။
အဆင့် ၄)
Redsn0w ၏ Main screen သို့  Back နှင့် ပြန်သွားပြီး "Jailbreak" button ကို နှိပ်ပါ။ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။
အဆင့် ၅)
iDevice ကို PC နှင့် ချိပ်ဆက်ပြီးနောက် "Next" ကိုနှိပ်ပါ။
ဤနေရာတွင် Redsn0w မှ DFU mode သို့  ဝင်ရန် တစ်ဆင့်ချင်း ညွှန်ကြားပါလိမ့်မည်၊ အချိန်ကိုက် လုပ်ဆောင်ပါ။
အဆင့် ၆)
DFU mode သို့  ဝင်ရောက်သွားသည့် တစ်ပြိုင်နက် Redsn0w က အလိုလျှောက် Jailbreak စတင် လုပ်ဆောင်ပေးပါလိမ့်မည်။
**မှတ်ချက်**
အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။
Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်။
ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။
>> Run Redsn0w -> Extras -> Just Boot
Credit to :moethagyar


0 comments:
Post a Comment