Sunday, September 29, 2013

အလုပ်မလုပ်သင့်သော Scam PTC sites များ


PTC Website ပေါင်း မြောက်မြားစွာ ရှိပါတယ်..။ အဲ့ဒီအထဲမှာမှ အမှန်တကယ်ငွေရရှိပြီး နောင်ရေးသေချာသော ဆိုဒ်များ ရှိသလို အမှန်တကယ် ငွေရရှိပြီး နောင်ရေး မသေချာတဲ့ ဆိုဒ်တွေလဲ ရှိပါတယ်..။ အဲ့ဒီအထဲမှာ အဆိုးဆုံးကတော့ အလုပ်လုပ်ပြီးတော့ ငွေမရတဲ့ ဆိုဒ်တွေပါဘဲ ..။ ကိုယ် Website တစ်ခုကို ကလစ်တော့မယ်ဆိုရင် အဲ့ဒီ ဆိုဒ်အကြောင်း အရင် လေ့လာပါ..။ ပြီးရင် ငွေအမှန်အကန် ထုတ်လို့ရလား လေ့လာပါ သူများတွေ ထုတ်ပြထားတာတွေကို လိုက်ကြည့်ပါ..။ တချို့ဆိုဒ်တွေက ငွေအရမ်းအပေးကြမ်းပါတယ်..။ လောဘကြီးသူများ သတိထားပါ ..။ အဲ့ဒီဆိုဒ်တွေက ငွေလဲ ထုတ်ရော ကိုယ့် PayPal အကောက်ထဲက ငွေကို အရင်ထည့်ခိုင်းတတ်ပါတယ် ..။ သတိထားပါ

ကျွန်တော်အခု ကိုဝင်းကို ရေးထားတဲ့ Scam PTC sites များကို Ebook ပြန်ထုတ်ထားပေးပါတယ်..။ ဒီမှာဒေါင်းလိုက်ပါ ။ကျွန်တော့် စာအုပ်ထဲမှာ မပါတဲ့ Scam PTC sites တွေ အများကြီး ရှိပါသေးတယ် အလျင်သင့်ရင် ဖော်ပြပေးဦးမှာပါ..။ 

ကျွန်တော် လုပ်တဲ့ Site တွေထဲက ငွေအများဆုံး ရပြီး အဆင်ပြေနေတဲ့ ဆိုဒ်တွေကိုတော့ အောက်မှာ ဖော်ပြထားပါတယ် ကြည့်လိုက်ပါဦး..။ 


ကျွန်တော်လုပ်တဲ့ Website တွေထဲမှာ ဝင်ငွေ အကောင်းဆုံး ရနေတဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်..။ ငွေလဲ အမှန်တကယ် ထုတ်လို့ ရပါတယ်..။ မိတ်ဆွေတို့ အလုပ်လုပ်ရတာ လွယ်ကူအောင် လုပ်ပုံကိုင်ပုံတွေကို အစအဆုံး ဒီမှာ ရှင်းပြထားပါတယ်.. ။Register မလုပ်ခင် ဒီဆိုဒ်အကြောင်း ရှင်းပြထားတဲ့ စာအုပ်ကို ဒီမှာ ဒေါင်းလိုက်ပါ ..။  Register လုပ်မယ်ဆိုရင်တော့ ဒီမှာ နှိပ်လိုက်ပါ..။


ဒီဆိုဒ်ကလဲ ငွေရများပါတယ် ကြော်ငြာ အရေအတွက်လဲ အများကြီး ရပါတယ်..။ ကျွန်တော် လုပ်လို့  အစဉ်ပြေလို့ မိတ်ဆွေတို့ကို ပြန်မျှခြင်း ဖြစ်ပါတယ်..။ ငွေလဲ အမှန်တကယ် ထုတ်လို့ ရပါတယ်..။ Register လုပ်ချင်ရင်တော့ ဒီမှာ နှိပ်လိုက်ပါ..။ 


ဒီဆိုဒ်အကြောင်းတော့ ထွေထွေထူးထူး ရှင်းပြစရာ မလိုတော့ဘူးလို့ ထင်ပါတယ်..။ ဒီမှာ လေ့လာပြီး Register လုပ်လိုက်ပါ..။ ယုံကြည်စိတ်ချရမှု့ အပြည့် ရှိပါတယ်.. ။ ငွေလဲ အမှန်တကယ် ထုတ်လို့ ရပါတယ်..။ ဒီမှာ Register လုပ်လိုက်ပါ..။ 


ဒီဆိုဒ်ကတော့ အသစ်ပါ..။ ယုံကြည်စိတ်ချရမှု့ ရှိလို့ အလုပ်လုပ်သင့်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်..။ ဒီမှာ Register ဝင်လုပ်လိုက်ပါ..။ 


အပေါ်က ဆိုဒ်တွေမှာ ဒေါ်လာကြီးဘဲ ရှာနေရတာ ပျင်းတယ် ဆိုတဲ့ မိတ်ဆွေတွေ အတွက်ပါ..။ ယူရို နဲ့ ငွေရှင်းပေးတဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်..။ လက်မလွတ်သင့်တဲ့ ဆိုဒ်တစ်ခုပါ ..။ ယူရိုနဲ့ ဒေါ်လာ ဘယ်ဟာ ငွေဈေးမြင့်လဲဆိုတာ မိတ်ဆွေတို့လဲ သိမှာပါ..။ Register လုပ်ချင်ရင်တော့ ဒီမှာ လုပ်လိုက်ပါ..။ Register လုပ်ပြီးပါက Gmail ကို ပြန်ကြည့်လိုက်ပါ EARN ON ကနေပြီးတော့ Mail တစ်စောင် ပို့ ထားတာ တွေ့ပါလိမ့်မယ် .။ကိုယ့်လျှောက်ခဲ့တဲ့  Username နဲ့ password ကို ပြန်ပို့ထားတာပါ..။ Login ဝင်တဲ့အခါမှာ username နဲ့ password ဘဲ ထည့်ရပါတယ်

Thursday, September 19, 2013

အနာဂတ်အတွက် Online ငွေရှာနည်း (၁)



မင်္ဂလာပါခင်ဗျာ ။ :) ကျွန်တော် အခု တစ်ခေါက် တင်ပြမှာကတော့ Online ပေါ်မှာ ငွေကို ဘယ်လို ရှာရမလဲ ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။ အခု ကျွန်တော်တို့  ပြုလုပ်မှာကတော့  Paid to Click (PTC) ကြော်ငြာ ကလစ်တဲ့ လုပ်ငန်းဘဲ ဖြစ်ပါတယ်။ တစ်နေ့ကို အချိန်ဘယ်လောက်မှ ပေးရမှာ မဟုတ်ပါဘူး သေချာ ထိုင်လုပ်ပါက ၁၅ မိနစ် ကျော်ကျော်သာ လုပ်ရပါတယ်။ ဒီအလုပ် လုပ်မယ်ဆိုရင်တော့ ဇွဲ ၊ လုံ့လ၊ ဝီရိယ ရှိ့မှ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နေ့တိုင်း နေ့တိုင်း နှစ်နဲ့ ချီပြီး လုပ်ရမှာ မို့ပါ။ အင်တာနက်က ပိုက်ဆံကို ဘယ်လို ထုတ်ရမှာလဲ ဆိုပြီး တစ်ချို့က မေးကြပါတယ်။ အဲ့ဒါကို နောက်ပိုင်းမှာ ရှင်းပြထားပါတယ် ခင်ဗျာ။ ကျွန်တော်က အခု မိတ်ဆွေတို့ အလုပ်လုပ်ရတာ အဆင်ပြေအောင် ရှင်းပြ ပေးဖို့ ဖြစ်ပါတယ်။
 ကဲ .. လုပ်ငန်း စရအောင်ဗျာ .. အရင်ဦးဆုံး ကျွန်တော် မိတ်ဆွေတို့ကို Website  တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် ခင်ဗျာ။ Website ရဲ့ နာမည်ကတော့ TheBux ဖြစ်ပါတယ် ခင်ဗျာ။ PTC Website တွေထဲမှာတော့ ဒီ Website ကတော့ လက်ရှိ ကမ္ဘာ့ No.1 စရင်ဝင် ဆိုဒ်တစ်ခု ဖြစ်ပါတယ် ခင်ဗျာ။ သူ့လောက် ငွေပေးများတဲ့ site မရှိသေးပါဘူး ခင်ဗျာ။
ငွေပေးမှန်ကန်ခြင်း ယုံကြည်စိတ်ချရမှု့ 100% အပြည့်ရှိခြင်းကြောင့် လုံးဝကို အလုပ်လုပ်သင့်တဲ့ ဆိုဒ်တစ်ခုပါ။ ကျွန်တော်လဲ လွန်ခဲ့တဲ့ တစ်လလောက်ကမှ စလုပ်ဖြစ်တာပါ။ ကျွန်တော်လုပ်ကြည့်လို့ အမှန်တကယ် အဆင်ပြေတယ် ဆိုမှ မိတ်ဆွေတို့ကို ပြန်မျှခြင်း ဖြစ်ပါတယ်။ ဒီ Phost ကို စာအုပ်အနေနဲ့ ဒီမှာ ဒေါင်းလိုက်ပါ ...

 ပထမဦးဆုံး အဆင့် အနေနဲ့ သူ့ရဲ့ ဆိုဒ်မှာ Register လုပ်ပြီး Member တစ်ယောက် ဖြစ်အောင် လုပ်ရပါ့မယ် ။ Company တစ်ခုမှ အလုပ်ဝင်လျှောက်တာပေါ့ဗျာ.. :D
ဒီနေရာမှာ ကျွန်တော် တစ်ခု သတိပေးချင်တာက Register လုပ်ရုံနဲ့တော့ ဥံဖွ ပိုက်ဆံ ဖြစ်လာမှာတော့ မဟုတ်ပါဘူး သူ့ပိုက်ဆံလိုချင်ပါက ကိုယ်ဘက်ကလဲ ပေးဆက်မှု့ဆိုတာ ရှိရပါတယ် ။ ကိုယ့်ဘက်က ဘာပေးဆက် ရမှာလဲဆိုတော့ နေ့စဉ်ပုံမှန် သူပေးထားတဲ့ ကြော်ငြာ တွေကို ၁၅ မိနစ်လောက် အချိန်ပေးပြီး ကလစ်ပေးဖို့ ဖြစ်ပါတယ် ။

 Okay ! စိတ်ဝင်စားလို့ အလုပ်လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာ ကနေ အရင်ဦးဆုံး Register ဝင်လုပ်လိုက်ပါ


Register ကို နှိပ်ပြီးပါက အောက်က ပုံအတိုင်း ပုံစံ ဖြည့်ပေးလိုက်ပါ ။ 


Full Name မှာ သင်အသုံးပြုမည့်နာမည်ပေါ့။ ဥပမာ maungmaung ပေါ့။ Username မှာလဲ Full Name မှာ သုံးတဲ့ နာမည်ကို ပြန်ထည့်ပါ စာလုံးများကို ဆက်ရေးပါ။ Password နဲ့ Confirm Password ကို ကြိုက်ရာ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားပေါ့နော့ ။E-mail Address နဲ့ Confirm E-mail Address မှာ  သင်အသုံးပြုမည့် Gmail ကို ထည့်နိုင်ပါတယ်။ Referrer မှာတော့ ဘာမှ ထည့်စရာ မလိုပါဘူး သူဖာသာသူ ဖြည့်ထားပြီးသားပါ။
Pyament Account နေရာမှာ နှစ်ခု ထဲက တစ်ခုရွေးချယ်ပြီး ထည့်နိုင်ပါတယ် ဒါက ပိုက်ဆံ ထုတ်ဖို့ အကောက် ဖြစ်ပါတယ် Payza အကောက်တို့ PayPal အကောက်တို့ မရှိပါက လက်ရှိ Register လုပ်ထားတဲ့ Email ကို ယာယီ ထည့်ထားနိုင်ပါတယ် နောက်မှ ပြန်ပြောင်းလို့ ရပါတယ် ။  အားလုံးပြီးစီးသွားပါက The-Bux ကနေပြီးတော့ သင့် Email ထဲသို့ Mail တစ်စောင် ပို့ထားပါမယ် ဖွင့်ကြည့်ပြီးတော့ သူပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း သင့်ရဲ့ Username နဲ့ ID No တို့ကို တွေရပါမယ်။  Send ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သင်ဟာ Mamber တစ်ယောက် ဖြစ်သွားပါပြီ ။ 


Send ကို နှိပ်ပြီးပါက သင့်ရဲ့ အကောက်က active ဖြစ်သွားပါပြီ ။ ကဲ Login ဝင်ပြီးတော့ လုပ်ငန်း စလိုက်ကြပါစို့ ။ Login ဝင်ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း မိတ်ဆွေရဲ့ Account Pag ထဲကို ရောက်သွားပါပြီ ။ဒါကတော့ ကျွန်တော် အကောက်ပါ ။


အကောက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ကြော်ငြာ များ ကလစ်ရန် View Ads ကို နှိပ်ပါ။  


ပုံမှာ ပြထားတဲ့ အတိုင်း ကြော်ငြာ များ ရှိတဲ့နေရာကို ရောက် သွားပါပြီ ။ ကြော်ငြာ ကြည့်ရန် အတွက် အပေါ်က ခေါင်းစဉ်ကို  နှိပ်ပါ ။ နှိပ်ပြီးပါက အောက်က ပုံအတိုင်း နောက်စာမျက်နှာ တစ်ခုကို ကူးသွားပါ့မယ်  


ရောက်ရှိသွားတဲ့ စာမျက်နှာ ကိုဘဲ ကြည့်ပါ ။ တခြား စာမျက်နှာ ကူလိုက်ပါက ကြော်ငြာ ကြည့်တာ အလုပ်မလုပ်ဘဲ ပိုက်ဆံ မရ ဖြစ်တက်ပါတယ် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း အစိမ်းတန်းလေး အချိန်ပြည့်အောင် စောင့်လိုက်ပါ ။ အချိန်ပြည့်ပါက အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ပုံသေးလေး ငါးပုံ ပေါ်လာပါမယ် ။ ဇောက်ထိုး ဖြစ်နေတဲ့ ပုံ လေးကို နှိပ်လိုက်ပါ။ 


အောက်က ပုံအတိုင်း အမှတ်ခြစ်လေးနဲ့ Thanks for watching! ပေါ်လာရင် အဲ့ဒီ စာမျက်နှာကို ပြန်ဖျက်လို့ ရပါပြီ။ 


အဲ့ဒီအတိုင်းဘဲ ရှိသမျှ ကြော်ငြာတွေကို ကုန်အောင် ကလစ်လိုက်ပါ။ ကြော်ငြာ အသစ်တွေကိုတော့ နောက်နေ့မှ ပြန်ချပေးပါ့မယ်။ The Bux မှာ ကြော်ငြာ ကလစ်ခြင်း အပြင် တခြား နည်းလမ်းဖြင့်လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ ကြော်ငြာ ကလစ်တာကို အချိန်တစ်ခု သက်မှတ်ပြီး ကလစ်မယ် ဆိုရင်တော့ ပို ကောင်းတာပေါ့။ ကြော်ငြာ ကလစ်ပြီးပြီ ဆိုရင် အပေါ်ဘက်က Account ဆိုတာလေးကို နှိပ်လိုက်ပါ။ 


ပုံမှာ ပြထားတဲ့ အတိုင်း မိတ်ဆွေ တို့ရဲ့ အကောက် ထဲကို ရောက်ရှိသွားပါမယ် ။ ဒါကတော့ ကျွန်တော့် အကောက်ပေါ့။ Account Page ထဲ ရောက်တဲ့အခါ Account Balance မှာ ဒီနေ့ ကလစ်လို့ ရတဲ့ ကြော်ငြာခ တွေကို တွေ့ရပါလိမ့်မယ် ။ အခုမှ စလုပ်တဲ့ သူတွေကတော့ $0.060 လောက်ဘဲ ရဦးမှာပါ။ နောက်တနည်း Video ကြည့်ပြီး ပိုက်ဆံ ထပ်ရှာပါ့မယ်  ပုံမှာ ပြထားတဲ့ အတိုင်း WHTCH VIDEOS ဆိုတာလေးကို ကလစ်လိုက်ပါ။ 


လောလောဆယ်တော့ Video တစ်ခု ရှိနေပါတယ် ။ တစ်ခါတလေ နှစ်ခု ရှိပါတယ်။ တခါတလေလဲ တစ်ခုမှ မရှိပါဘူး ။ အချိန်လဲ ဘယ်လောက်မှ မကြာပါဘူး  ဗီဒီယို ကို ပြီးအောင် ကြည့်တာက ကောင်းပါတယ်။ ပြီးသွားရင်တော့ အကောက်ထဲကို ပိုက်ဆံ ရောက်ရှိသွားပါပြီ။ 

နောက်ထပ် ပိုက်ဆံရှာတဲ့ နည်းကတော့ ကံစမ်းမဲ နှိုက်သလိုပါဘဲ အချိန်ရတဲ့ လူတွေ လုပ်ပါလို့ အကြံ ပေးချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကံစမ်းမဲ ပေါက်လွယ်လို့ပါ ။ ကျွန်တော်တောင် တော်တော် ပေါက်ပြီး သွားပြီ။ :D 


ကံစမ်းမဲ နှိုက်ရန် ပုံမှာ ပြထားတဲ့ အတိုင်း Account page ၏ဘယ်ဘက်တွင်ရှိသော Earn Money menu tab The Grid ကိုနှိပ်လိုက်ပါ။


ပုံမှာ ပြထားတဲ့ အတိုင်း အကွက်တွေ အများကြီးနဲ့ ပုံဆီ ရောက်သွားပါ့မယ်။ ကြိုက်ရာ အကွက်ကို ရွေးနှိပ်လိုက်ပါ ။ ကံကောင်းချင်ရင်တော့ 2 $ ခွဲအထိ ပေါက်နိုင်ပါတယ်။ တစ်နေ့ကို ကံစမ်းမဲ အကြိမ် နှစ်ဆယ် နှိုက်ခွင့် ရှိပါတယ်။ 


ဒီစာတန်းက မဲပေါက်တာပါ။ :D 1000 နော် ပေါက်တာ ... 


ဒီလို ဒီလို မဲပေါက်တာပါ ။ 


 မဲနှိုက်ရတာ အရမ်း တန်ပါတယ် ။ အချိန်ရရင် မဲနှိုက်ကြပါ။ မနှိုက်မနေရလို့တော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။ 

The Bux မှာနောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ points မှ cash သို့ ပြောင်းခြင်းပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း နှိပ်ကြည့်လိုက်ပါ။ 

ကလစ်အချက်ရေ  ၁၀၀၀ ကို ၁ဒေါ်လာနှင့် လဲနိုင်ပါတယ်။  

နောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ ရှယ်ယာ (Referral) ဝယ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကတော့ PTC သမားတိုင်း လုပ်ကို လုပ်ရမဲ့ အလုပ်ပါ ။ ကိုယ့်ကို အဓိက ပိုက်ဆံ ရှာပေးမှာကတော့ referral ပါဘဲ ။ Referral ဘယ်လို ဝယ်ရမလဲ ဆိုတော့ အရင်ဦးဆုံး မိတ်ဆွေတို့မှာ $0.1500 ရှိဖို့ လိုအပ်ပါတယ် ။ $0.1500 ဆိုတာ ကျွန်တော်တို့ ကြော်ငြာ သုံးရက် ကလစ်စာပေါ့ ။ ကံကောင်းတဲ့လူဆိုရင်တော့ နှစ်ရက်တည်းနဲ့ ရနိုင်ပါတယ်။ ရှယ်ယာ(Referral) ဝယ်ဖို့အတွက် အရင်ဦးဆုံး လုပ်ရမှာက ရသမျှ ဝင်ငွေကို Purchase balance ထဲသို့ ပြောင်းပြောင်းပြီး ထည့်ပေးထားရပါမယ်။ Purchase balance မှာ $0.1500 ရမှ ရှယ်ယာ ဝယ်လို့ ရပါမယ်။ Purchase balance ထဲကို ငွေ ပြောင်းဖို့ အတွက် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Add funds ဆိုတာကို နှိပ်လိုက်ပါ။


Add funds ကို နှိပ်လိုက်ပါက အောက်က ပုံအတိုင်း ပေါ်လာပါမယ်။  Account Balance ကို ရွေးချယ်လိုက်ပါ။ 


Account Balance ကို ရွေးပြီးပါက amount မှာ ကိုယ်ပြောင်းမဲ့  ငွေပမာဏကို ရိုက်ထည့်ပါ။ ဥပမာ $0.054 ပေါ့။ 


အနည်းဆုံး ပြောင်းလို့ ရကတော့ $0.01 ပါ။ မိတ်ဆွေတို့မှာ ရှိနေတဲ့ ငွေ ပမာဏကို ရိုက်ထည့်ပြီး Send ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် account balance ထဲမှာ လက်ကျန်ငွေ မရှိတော့ပေမဲ့ Purchase balance မှာ ငွေရောက်သွားပါပြီ။ အဲ့ဒီနည်းအတိုင်းဘဲ နေ့တိုင်းနေ့တိုင်း ရသမျှ ငွေတွေကို Purchase balance ထဲသို့ လွဲထည့်ထားပါ။ သုံးရက်လောက် လုပ်ပြီးပါက မိတ်ဆွေတို့ဆီမှာ $0.1500 အထက် ရှိနေပါပြီ ။ ဒါဆိုရင် ရှယ်ယာ ဝယ်နိုင်ပါပြီ။ Referral (ရှယ်ယာ) ဝယ်ရန်အတွက် အောက်က ပုံမှာပြထားတဲ့အတိုင်း Account page တွင်ရှိသော Rent Refs ဆိုတာလေးကို နှိပ်လိုက်ပါ။ 

အောက်က ပုံအတိုင်း ပေါ်လာပါမယ်။ 


Referrals တစ်ခုရဲ့ ဈေးနှုန်းက $0.1500 ဖြစ်ပါတယ်။ အများနှင့်ဝယ်တဲ့အခါလည်း တစ်ခုချင်း ဈေးနှုန်းနှင့် အတူတူပါပဲ ။ အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဘဲ ရသလောက် ဝယ်သွားပါ့မယ်။ ငွေပမာဏလည်း လုံလောက်တဲ့အတွက် Referrals ဝယ်ရန် Rent Now! ကို နှိပ်လိုက်ပါ။

 Referrals ဝယ်ပြီးတဲ့အခါ Account ကိုပြန်သွားလိုက်ပါ။ Rented Referrals နေရာတွင် ဝယ်ထားတဲ့ Referrals အရေအတွက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ Referrals(ရှယ်ယာ)တွေ ဟာ အလုပ်မလုပ်သေးပါဘူး ။ သူတို့ကို Auto အလုပ်လုပ်အောင် ပြောင်းရပါမယ်။


ဝယ်ထားတဲ့ Referrals(ရှယ်ယာ) တွေကို Auto အလုပ်လုပ်ခိုင်းရန်အတွက် ဘယ်ဘက်တွင် ရှိသော Referrals ဆိုသော Menu tab မှ Rented  Referrals ကို နှိပ်လိုက်ပါမယ် ။ (PTC site များတွင် Referrals(ရှယ်ယာ) တစ်ခါ ဝယ်ပြီးတိုင်း နောက်ထပ်ဝယ်ဖို့ ၇ ရက်စောင့်ရပါတယ်။ ) 


AutoPay မှာ Disable ဖြစ်နေပါတယ်။ အဲ့ဒါကိုပြောင်းဖို့ click here to change it ကို နှိပ်လိုက်ပါ။ 
ကျွန်တော့်ပုံမှာ ပြထားတာကတော့ ကျွန်တော် Enable ပြောင်းထားပြီးသားမို့ပါ။
AutoPay မှာ Enable ဖြစ်သွားတဲ့အတွက် Referrals(ရှယ်ယာ)တွေ အလုပ်လုပ်ရန် အသင့်ဖြစ်သွားပါပြီ။  လက်ကျန်ရက်၊ ကလစ် ပေးထားတဲ့ အရေအတွက် ၊ ဝင်ငွေ ၊ စတဲ့အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။ 

မိတ်ဆွေတို့ကိုယ်တိုင်လဲ နေ့တိုင်းကလစ်ရင်း Referrals(ရှယ်ယာ) တွေ အလုပ်လုပ်လား မလုပ်လားဆိုတာ စောင့်ကြည့်ပေးရပါမယ် ။ရှယ်ယာတွေ အလုပ်လုပ်ပုံကို ၃ရက်ကျော် လောက် စောင့်ကြည့်ရပါတယ်။ အလုပ်မလုပ်ပါက Recycle လုပ်လိုက်ပါ ဒါဆို ပုံမှန် အလုပ် ပြန်လုပ်လာပါလိမ့်မယ်။ မိတ်ဆွေတို့ အလုပ်မလုပ်တဲ့အခါ သူတို့လည်း မလုပ်တော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင်ကလဲ အမြဲ အလုပ်လုပ် ပေးရပါတယ်။

ပိုက်ဆံတွေ များလာတဲ့ အခါ မထုတ်သေးပါဘူး ။  Referrals အရေအတွက် 2000 မှ 7000 အထိရတဲ့ Ultimate member အဆင့်ထိရောက်အောင် တဖြည်းဖြည်းပဲ ပိုက်ဆံ စုပြီး  ဝယ်သွားပါ့မယ်။  ငွေထုတ်တဲ့အခါ Paypal account မှ ထုတ်ယူနိုင်ပါတယ်။ (PayPal account လျှောက်နည်းကို ဒီမှာ လေ့လာလိုက်ပါ)

 သတိထားရမှာက Referral တစ်ခုရဲ့ AVG ကို အနည်းဆုံး 2.00 ကျော် လောက်ရှိနေရပါမယ်။ မိတ်ဆွေတို့ကိုယ်တိုင် နေ့စဉ်ကြော်ငြာတွေ ကုန်အောင်ကလစ်မယ်ဆိုရင် Referrals တွေကလည်း ပုံမှန် ဖြစ်နိုင်ပါတယ်။ Avg=2.00  အောက်ကျနေတဲ့ Referrals ဆိုရင် တပတ်လောက်စောင့်ကြည့်လို့ Avg မတက်လာဘူးဆိုရင် လေးထောင့်ကွက်ကို အမှတ်ခြစ်ပေးပြီး ပေါ်လာတဲ့ အကွက် မှာ Recycle   ရွေးပေးလိုက်ပါ ။ Avg ပြန်တက်လာပါလိမ့်မယ်။


ကဲဒီလောက်ဆို ပြောပြထားတာ တော်တော် လုံလောက်နေပါပြီ ။ Account upgrade လုပ်တာတို့ Direct Referrals / Downline ရှာတာတို့ ကိုယ်ပိုင် ကြော်ငြာ ထည့်တာတို့ နဲ့လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ် ဒါကိုတော့ အသေးစိပ် မပြောပြတော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင် လုပ်နေရင်နဲ့ တဖြည်းဖြည်း နားလည်လာမှာပါ ။ ကျွန်တော်တို့ ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Account upgrade လုပ်ပြီး နောက်ဆုံး Ultimate member ဖြစ်ဖို့နဲ့ ရှယ်ယာ အများဆုံး ဝယ်နိုင်ဖို့ ဖြစ်ပါတယ်။ ကြိုးစားပြီး ပုံမှန် အလုပ်လုပ် သွားမယ်ဆိုရင်တော့ ၁နှစ်ကျော် ၁နှစ်ခွဲမှာ ဖြစ်နိုင်ပါတယ်။

အရေးကြီးတဲ့ အပိုင်း ပိုက်ဆံ ဘယ်လို ထုတ်မလဲ ဆိုတာ ရှင်းပြပါ့မယ် ... 


မိတ်ဆွေတို့ရဲ့ အကောက်မှာ ငွေတွေ များပြားလာလို့ ထုတ်ယူတော့မယ်ဆိုရင်တော့ Account page မှာရှိတဲ့ Global menu မှ Withdraw မှာထုတ်ယူနိုင်ပါတယ်။ The Bux ရဲ့ minimum payout က 3$ ပါ။ မိတ်ဆွေတို့ရဲ့အကောက်မှာ 3$ ရှိပြီဆိုရင် ထုတ်လို့ရပါပြီ။အများဆုံး ဒေါ်လာ ၂၅၀ ကို နေ့စဉ်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ဖို့ PayPal account / email တစ်ခုရှိရပါမယ်။ 
PyaPal အကောက်ကို လျှောက်ဖို့အတွက် http://www.paypal.com မှာ လျှောက်နိုင်ပါတယ်။ မြန်မာနိုင်ငံက လျှောက်မယ် ဆိုရင်တော့ ဒီမှာ လေ့လာပြီးမှ လျှောက်ပါ။

The Bux ကို သေချာ လုပ်မည် ဆိုပါက ၁၅ မိနစ် ကျော်ကျော်ဆို ပြီးပါတယ်။ အဲဒီလိုမျိုး နောက်ထပ် PTC site တွေလည်း အများကြိး ရှိပါတယ်။ အဲ့ဒီထဲကမှ သေချာတဲ့ Site တွေကို ထပ်ပြီး ဖော်ပြ ပေးထားပါတယ်။  ကျွန်တော် လက်ရှိ ကလစ်နေတဲ့ ယုံကြည်စိတ်ချရဆုံးနှင့် အကောင်းဆုံး PTC site တွေကို လမ်းညွှန်ပေးပါ့မယ်။ လုံးဝ အလုပ်လုပ်သင့်တဲ့ နောင်ရေးသေချာတဲ့ site တွေပါ။ 


ဒီ post မှာ ရှင်းပြခဲ့တဲ့ site ပါ သူ့လောက် ငွေရမြန်တဲ့ site မရှိသေးပါဘူး ။ ယုံကြည်စိတ်ချရလို့လဲ မိတ်ဆွေတို့ကို လုပ်စေချင်လို့ အခုလို post ရေးလိုက်ခြင်း ဖြစ်ပါတယ် ။ Register မလုပ်ရသေးဘူ ဆိုရင်  ဒီနေရာမှာ ဝင်လိုက်ပါ။ 


ဒီဆိုဒ်ကတော့ Euro နဲ့ ငွေရှင်းပေးတဲ့ ဆိုဒ်ဖြစ်ပါတယ် ။ Euro နဲ့ dollar နဲ့ ဘယ်သူ ငွေဈေးမြင့်လဲ ဆိုတာ မိတ်ဆွေတို့ သိတဲ့ အတိုင်းပါဘဲ ။ အကောက်စဖောက်ပြီး ကြော်ငြာ စတင်ကလစ်တဲ့ အချိန်မှာ သူက ဘယ်နှစ်နာရီ တစ်ခါ ကလစ်မလဲလို့ မေးပါတယ် ကျွန်တော်တုန်းကတော့ ၁၀နာရီ တစ်ခါ ကလစ်မယ်လို့ ရွေးလိုက်ပါတယ်။ နေ့လည် ၁၂နာရီ ကလစ်ပြီးတော့ နောက်ထပ် ည ၁၀နာရီကျော်မှာ တစ်ခါ ထပ်ကလစ်ပါတယ် တစ်ရက်တည်းကို Euro 0.1000 ရပါတယ် ။ စိတ်ဝင်စားတယ် ဆိုရင် ဒီမှာ ဝင်ပြီး Register ဝင်လုပ်လိုက်ပါ


Euro နဲ့ ငွေရှင်းပေးတဲ့ Site တစ်ခုပါ .. ကျွန်တော်တော့ သဘောကျတယ် ဘာဖြစ်လိုလဲဆိုတော့ Euro နဲ့ ငွေရှင်းပေးလို့ပါ.. အလုပ်လုပ်ရတာလဲ လွယ်ကူပြီး အဆင်ပြေပါတယ်.. ယုံကြည်စိတ်ချရမှု့လဲ ရှိပါတယ် သတိထားရမှာက တစ်ချိုလူတွေ အကောက်လျှောက်ပြီးရင် ပြန်ဝင်လို့ မရ ဖြစ်နေကြပါတယ် .. အကောက်လျှောက်ပြီးပါက ကိုယ့်လျှောက်ခဲ့တဲ့ Gmail ကို သွားကြည့်လိုက်ပါ  lxProject  က Mail တစ်စောင် ပို့ထားပါမယ် .. အဲ့ဒီမှာ ကိုယ်လျှောက်ခဲ့တဲ့ Username နဲ့ password ကို သူက ပြန်ပို့ထားပေးပါတယ် ... အဲ့ဒီ Username နဲ့ password အတိုင်း Login ဝင်လိုက်ပါ Login ဝင်တဲ့ အခါမှာ Username နဲ့ password ထည့်ပါ  မှန်အောင် ရေးပေးလိုက်ပါ.. ဒါဆို ဝင်လို့ ရပါပြီ..အလုပ်လုပ်ရတာ လွယ်ကူပါတယ် လုပ်ပုံကိုင်ပုံတွေကို မရှင်းပြတော့ပါဘူး The Bux တို့ ProBux တို့ လုပ်နေတယ် ဆိုရင်တော့ ဒီဆိုဒ်လဲ မခက်ခဲတော့ပါဘူး .. Register လုပ်ချင်သူများ ဒီမှာ လုပ်လိုက်ပါ..



 ဒီဆိုဒ်အကြောင်းကိုတော့ သိပ်ပြီးတော့ ရေးပြစရာ မလိုတော့ဘူး ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အွန်လိုင်း အလုပ်လုပ်တဲ့သူ တော်တော် များများ ဒီဆိုဒ်နဲ့ ကင်းဖူးတဲ့သူ မရှိပါဘူး။ ကြော်ငြာ ကလစ်ရာတွင်လဲ ရိုးရှင်း လွယ်ကူပါတယ်။ အလုပ်လုပ်ရတာ လွယ်ကူအောင် ကျွန်တော့် ဆိုဒ်မှာ မြန်မာလို အသေးစိပ် ရေးပြထားပါတယ်။ ဒီမှာ လေ့လာပြီး ဒီမှာ Register လုပ်လိုက်ပါဗျာ။ 


BadgerBux သူကတော့ ငွေပေးအရမ်းကြမ်းပါတယ်။ No.1 စရင်းမှာ ရပ်တည်နေတဲ့ TheBux ထပ်ကို ပိုက်ဆံပေး များပါတယ်။ တစ်နေ့ကို ကလစ်ခ $0.065 ကျော်ကျော် ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်း ချက်က 2$ ပြည့်မှ referral ဝယ်လို့ ရပါတယ်။ referral တွေ ဈေးကြီး ပေမဲ့ တစ်နေ့ ဝင်ငွေက များပါတယ် ။ဒါကြောင့် လုပ်ထားသင့်တဲ့ ဆိုဒ်တစ်ခုပါ။ အသုံးပြုနည်းကတော့ TheBux နဲ့ တူတူဘဲ မို့လို့ မရှင်းပြတော့ပါဘူး ။ ဒီမှာ Register ဝင်လုပ်လိုက်ပါ။



ဒီဆိုဒ်က  ငွေပေးများတာကြောင့် နာမည်ကြီးနေပါတယ်။ သူက ကြော်ငြာနှိပ်ရတာ အရမ်းများပါတယ် ။ ကြော်ငြာများတဲ့ အတွက် ပိုက်ဆံလဲ များများ ပေးပါတယ် ။ referrals တွေလဲ ဈေးချိုပါတယ် ။ အလုပ်လုပ်သင့်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ် ။ မန်ဘာဝင်ကြည့်မယ်ဆိုရင်တော့ ဒီမှာ ဝင်လိုက်ပါ။


ဒီဆိုဒ်က အသစ်ပါ ..။ ဝမ်းသာစရာတစ်ခုက သူ့မှာကြော်ငြာ ကလစ်ရတာ တခြားဆိုဒ်တွေမှာလို ကြော်ငြာအသေး (0.001တန်) လုံးဝမပါပါဘူး..။

လုံးဝရှင်းပါတယ် .. ကြော်ငြာအကြီး ၅ခု ၆ခု ဘဲ ပေးပါတယ်..။ $0.06 ဖိုးပါ ..။ 

နောက်ထပ် တစ်ခုက သူ့မှာ ကံစမ်းမဲ နှိုက်ဖို့  မရှိပါဘူး..။ ကံစမ်းမဲ မနှိုက်ချင်သူများအတွက် ဝမ်းသာစရာပေါ့..။

ဒီမှာ Register လုပ်လိုက်ပါ..။  

ဆိုဒ်တွေ အများကြီး လိုက်လုပ်နေမဲ့ အစား သေချာတဲ့ ဆိုဒ်သုံးလေးခုကိုဘဲ ရွေးပြီးလုပ်ပါလို့ အကြံပေးချင်ပါတယ် နောက်ပိုင်း ရှယ်ယာတွေ များလာပါက ရှယ်ယာတွေ ဂရုစိုက်ဖို့လဲ အချိန်လိုတဲ့ အတွက် သေချာတဲ့ ဆိုဒ်တွေကိုဘဲ ရွေးချယ်ပြီး လုပ်ကြပါဗျာ ။ Facebook ပေါ်မှာ ဆွေးနွေးချင်တယ် ဆိုရင်တော့ Facebook Group >> Myanmar PTC Members (အွန်လိုင်းငွေရှာသူများ) Group သို့ ဆက်သွယ်ကြပါဗျာ။
လိုအပ်သောအကူအညီနှင့် မရှင်းလင်းတာတွေရှိရင် Facebook account နှင့် Facebook Page မှာသော်၎င်း Gmail account- lonerlittleboy@gmail.com သို့ ၄င်း အားမနာတန်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

PayPal အကောက်လျှောက်နည်းနှင့် Verify ဖြစ်အောင် လုပ်နည်း



အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPalအကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။မြန်မာပြည်ကလူများကတော့  paypal.comဒီအတိုင်းဝင်လို့ ရမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီမှာပြထားတဲ့နည်းလမ်းအတိုင်းဦးစွာ
လုပ်ပြီးမှအောက်မှာပြထားတဲ့နည်းလမ်းအတိုင်းလုပ်ပေးပါ။

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 


နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့  ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။


Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 


ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 


 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ


အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။



ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard တို့ Master card တို့လိုပါတယ်. VisaCard တို့ Master card တို့ကိုမြန်မာနိုင်ငံက  ဘဏ်တော်တော်များများမှာလဲ စုံစမ်း ပြုလုပ်နိုင်ပါပြီ.။   Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 

PayPal အကောက် Verify လုပ်နည်း 

PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အပေါ်မှာ ကျွန်တော်ပြောခဲ့သလို VisaCard တို့  Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး .. အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping  ပြန်လုပ်ရပါတယ် ..။ နိုင်ငံကြီး တော်တော် များများမှာတော့ ပြန်လုပ်စရာ မလိုပါဘူး ။ ထိုင်းနိုင်ငံမှာတော့ ပြန်လုပ်ရပါတယ်..။ 

 ATM Card ကို Internet shopping လုပ်နည်း

VISA Card ရလာပြီး ဆိုတာနဲ့ အရင်ဦးဆုံး မိမိပြုလုပ်ခဲ့တဲ့ ဘဏ်ရဲ့ ATM ပုံးကို သွားလိုက်ပါ ..။


လမ်းဘေးတော်တော်များများမှာ ရှိပါတယ်.. ။ ကဒ်လုပ်ပေးတဲ့ ဘဏ်ရုံး အရှေ့မှာလဲ ရှိပါတယ်..။ ရောက်ရှိသွားပြီ ဆိုရင်တော့ မိမိရဲ့ VISA card ကို ATM ပုံးထဲ ထည့်လိုက်ပါ..။ 


ပြီးရင် မိမိတို့ရဲ့ password ကို နှိပ်ပြီး ဝင်လိုက်ပါ..။ ကျွန်တော်ကတော့ ထိုင်းစာ မတက်တဲ့ အတွက် English စာကိုဘဲ ရွေးပြီး နှိပ်လိုက်ပါတယ်..။  ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း နှိပ်လိုက်ပါ .။ Bank တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် စာတန်း နည်းနည်း လွဲချင် လွဲမှာပါ.. ။ ကိုယ်ဖာသာကိုယ် နည်းနည်း ပြင်ဖတ်ပေးပါခင်ဗျာ..။ 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း internet shopping by K-Debit card ကို ဆက်နှိပ်ပါ..။ 


internet shopping ကို နှိပ်ပြီးပါက အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Mobil Phone No ကို နှိပ်ပါ..။


ကိုယ့်ရဲ့ Phone No ကို ထည့်ပြီးပါက Submit Mobile No ကို နှိပ်လိုက်ပါ


 ပြီးသွားရင် စာရွက် တစ်ရွက်ထွက်လာပါမယ် .. အဲ့ဒီ စာရွက်မှာ ဂဏန်းလေးလုံး ပါရှိပါတယ် မှတ်ထားလိုက်ပါ..။ စောစောက ထည့်ခဲ့တဲ့ Phone No ကိုလဲ စာအိပ် တစ်လုံး Bank ကနေပြီးတော့ ပို့ပေးပါမယ်..။ စာရွက်ထဲကလိုဘဲ ဂဏန်းလေးလုံးပါပါတယ်..။ 


ဒါဆို ကျွန်တော်တို့ရဲ့ ကဒ်က အင်တာနက်မှာ သုံးလို့ ရပါပြီ..။ 

PayPal အကောက် Verify လုပ်နည်း

ဒီနေရာမှာ ကျွန်တော် အကြံပေးချင်တာက Verify လုပ်မဲ့ အကောက်နာမည်က မိမိတို့ ဘဏ်အကောက်မှာ သုံးထားတဲ့ နာမည်နဲ့ တူရင် ပိုကောင်းပါတယ်..။ ဒါဆိုရင် ဘာပြဿနာမှ မတက်တော့ပါဘူး ။ နာမည်မတူပါက တစ်ခါတလေ ပြဿနာ အနည်းငယ် ရှိတတ်ပါတယ် ..။

ကဲ.. အကောက် Login ဝင်လိုက်ပါဦးခင်ဗျာ..။အကောက်ထဲ ရောက်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ညာဘက်ဘေးနားက Link debit/credit card ဆိုတာကို နှိပ်လိုက်ပါ..။


အောက်ကပုံအတိုင်းပေါ်လာပါမယ်..။ 

သင်အသုံးပြုတဲ့ အကောက်နာမည်ကို ရွေးချယ်လိုက်ပါ။ ကျွန်တော်ကတော့ VISA ကဒ်သုံးတယ်..။ ရွေးလိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါမယ်..။
Card Number , Expiry Date,Card Security Code. စသည်တို့ကို ဖြည့်ပေးရပါမယ်..။ 

နေရာမှာ အောက်ကပုံအတိုင်း ကဒ်က နံပါတ်ကို ကြည့်ပြီး ရေးလိုက်ပါ..။ 


Expiry Date ကိုလဲ အောက်ကပုံမှာ ပြထားတဲ့အတိုင်းဘဲ ကြည့်ပြီး ရေးလိုက်ပါ..။


Card Security Code ကိုတော့ ကဒ်ရဲ့ အနောက်ဘက်မှာ ကြည်နိုင်ပါတယ်.။ အောက်က ပုံကအတိုင်းပေါ့


အားလုံးပြီးရင် Link Card ကို နှိပ်လိုက်ပါ.


အဲ့ဒီ ပုံအတိုင်းပေါ်လာပါမယ် ..။ အနီတန်းနဲ့ ဖြတ်ထားတာက ကျွန်တော့် No ဖြစ်နေလို့ပါ ..။ Confirm My Card  ကို နှိပ်လိုက်ပါ..။ 


Continue ကို ဆက်နှိပ်လိုက်ပါ..။ 

အဲ့ဒီ ပုံအတိုင်း ပေါ်လာပါမယ်..။ ကျွန်တော်တို့ စောစောက ATM ပုံမှာ ထည့်ခဲ့တဲ့ Phone No ထဲကို Bank ကနေပြီးတော့ စာအိပ်တစ်လုံး ပို့လာပါမယ်..။ PayPal ကနေပြီးတော့ ဝန်ဆောင်ခ ထိုင်း ဘတ် 32.36 နုတ်သားပြီ ဆိုတဲ့ အကြောင်း ပါ..


အဲ့ဒီ ပုံအတိုင်းပါဘဲ..။ ပြီးရင် အောက်မှာ ရှိတဲ့ Go to my profile ကို ဆက်နှိပ်လိုက်ပါ

Enter PayPal Code ကို နှိပ်လိုက်ပါက Phone ထဲကို Bank ကနေပြီးတော့ စာအိပ် နောက်တစ်လုံး ထပ်ပို့ ပါမယ်..။ 

ဘတ် 70 ထပ်နုတ်ပါတယ်..။ ပြီးတာနဲ့ ချက်ချင်း အဲ့ဒီ ဘတ် 70 ကို PayPal အကောက်ထဲသို့ ပြန်ထည့်ပေးပါတယ်
 နောက်ပြီးတော့ Code ပါ ပို့ပေးထားပါတယ်
PP*0000 CODE  ဥပမာ အဲ့လိုပေါ့ အောက်က PP* No လေးလုံးကို မှတ်ထားပါ..။ 


Enter PayPal Code ကို နှိပ်လိုက်ပါက အပေါ်က ပုံအတိုင်း ပေါ်လာပါမယ် ..။  စောစောက ဖုန်းထဲကို ပို့လာတဲ့ PP* ဘေးက No လေးလုံးကို ထည့်လိုက်ပါ..။ ပြီးရင် Confirn Card ဆက်နှိပ်ပါ..။ 


အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ... ။ :D လက်ခုပ်တီးကြပါ ခင်ဗျာ..။ :D
Close ကို နှိပ်လိုက်ပါ..။ 


:D ဒီလောက်ဆို လုံလောက်ပြီလို့ ထင်ပါတယ် ... 
ကဲ PayPal အကောက်ရပြီ ဆိုရင် အင်တာနက်မှာ ငွေ ရှာချင်ရင် အောက်မှာ ဆက်ကြည့်လိုက်ပါ..။ 




လိုအပ်သောအကူအညီနှင့် မရှင်းလင်းတာတွေရှိရင် Facebook account နှင့် Facebook Page မှာသော်၎င်း Gmail account- lonerlittleboy@gmail.com သို့ ၄င်း အားမနာတန်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ -